ပထမအကြိမ်၊ ဇူလိုင်လ၊ ၂၀၂၅ ခုနှစ်
စာအုပ်ဆိုဒ် ၁၃.၃၃၅ စင်တီ x ၂၀.၉၅၅ စင်တီ၊ စာမျက်နှာ ၁၇၀၊ တန်ဖိုး ၁၀၀၀၀ ကျပ်
ဘဝမှာ ပညာနှစ်ခုရှိတယ်။ အသိပညာနဲ့ အတတ်ပညာ။ တချို့ တွေက အတတ်ပညာ မရှိကြပေမဲ့ အသိပညာရှိကြသလို တချို့တွေကျ လည်း အတတ်ပညာရှိပြီး အသိပညာမရှိကြပြန်ဘူး။ နှစ်ခုစလုံး ရှိတဲ့ လူတွေလည်း ရှိသလို နှစ်ခုစလုံး မရှိတဲ့ လူတွေလည်း ရှိတယ်။ လူတွေဟာ တူရာ တူရာ စုမိကြတာပါပဲ။ မတူတဲ့ လူတွေနဲ့ သွားရောမိရင် ကိုယ့်အနေနဲ့ လက်လှမ်းမမီတဲ့ နေရာတစ်ခုလို့ ခံစားရတာ ဒါမှ မဟုတ် ကိုယ်ပါ ပုပ်နေတဲ့ ပန်းသီးထဲ ရောပုပ်သွားသလို ဖြစ်နေတတ်တယ်။ ဒါဟာ ငွေကြေးချမ်းသာတာ၊ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ အနည်းဆုံးတော့ လူ့ဘဝမှာ အတတ်ပညာ အဆုံးစွန်အထိ မတတ်ရင်တောင် လူမှုကျင့်ဝတ်ဆိုင်ရာ အသိပညာတော့ တတ်မှ ရမယ်။ ဒါမှ လူပီသနိုင်မယ်။ လူတွေကြားက ကွာခြားမှုကို သိအောင် မြင်အောင် ကြည့်ဖို့ မမေ့ပါနဲ့။