ပထမအကြိမ်၊ ဩဂတ်စ်လ၊ ၂၀၂၅ ခုနှစ်
စာအုပ်ဆိုဒ် ၁၃.၃၃၅ စင်တီ x ၂၀.၉၅၅ စင်တီ၊ စာမျက်နှာ ၁၀၀၊ တန်ဖိုး ၇၀၀၀ ကျပ်
ကျန်းမာအောင်သာ နေ၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေ ပေါများ ပေါများ ခန္ဓာကိုယ်က မကျန်းမာရင်ချမ်းသာခြင်းဟာ အလကားပဲ။ ကျန်းမာရေးမကောင်းရင် အဝတ်အထည်လှလှတွေအစား ဆေးရုံက ပေးတဲ့ လူနာဝတ်စုံကိုပဲ ဝတ်ဆင်ရမှာ။ ကျန်းမာရေးမကောင်းရင် ကိုယ်စားချင်တဲ့ အစားအစာတွေအစားဆေးရုံက ကျွေးတဲ့ လူနာစာပဲ စားရမှာ။ ကျန်းမာရေးမကောင်းရင် လှပတဲ့ ရှုခင်းတွေကို ကြည့်ဖို့ ခရီးသွားရမဲ့အစား ဆေးရုံအဆောင်ရဲ့ ဝရန်တာလောက်ပဲ ထွက်ခွင့်ရှိမှာ။ ကျန်းမာရေးမကောင်းရင်လေ ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်ချင်တာ၊ ကိုယ်စားချင်တာ၊ ကိုယ်သွားချင်တဲ့ ခရီးတွေ ဘာဆို ဘာမှ လုပ်ခွင့်မရဘဲ အကုန်ဆုံးရှုံးရမှာ။ ဒါကြောင့်လေ ကိုယ်ကျန်းမာအောင် နေ၊ စိတ်ချမ်းသာအောင် နေ၊ ထပ်ပြောပါမယ်၊ ကျန်းမာအောင်သာ နေ။